မိုးနဲ ဇန်နဝါရီ ၁၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၃)ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ကျင်းပဆောင်ရွက်သွားမည်ဖြစ်ရာ ရွေးကောက်ပွဲ၌ ဆန္ဒမဲပေးရာတွင် အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)များ Installation တပ်ဆင်အသုံးပြုခြင်းများကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM-Installation) တပ်ဆင်အသုံးပြုခြင်း ဆောင်ရွက်ရာသို့ လင်းခေးခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက အနီးကပ်ကြပ်မတ်ဆောင်ရွက်ခဲ့ကြပြီး မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM-Installation) တပ်ဆင်အသုံးပြုခြင်းသင်တန်းသို့ တက်ရောက်ထားသည့် တာဝန်ရှိသူတို့က မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)တပ်ဆင်ခြင်း၊ လွှတ်တော်အလိုက် မဲပေးစက်အတွင်း SD ကဒ်များထည့်သွင်းခြင်း၊ စတေကာတပ်ဆင်ခြင်းများကို နည်းစနစ်တကျ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုးနဲမြို့နယ်အတွင်း ကျိုင်းတောင်းမြို့အပါအဝင် မဲရုံပေါင်း (၃၉)ရုံ ဖွင့်လှစ်ကျင်းပ ဆောင်ရွက်သွားမည်ဖြစ်ရာ အဆိုပါမဲရုံများတွင် အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) များအား Installation နှင့် ဆက်စပ်ပစ္စည်းများ တပ်ဆင်ခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)