ခမောက်ကြီး ဇန်နဝါရီ ၁၉
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများသည် AI နှင့် ခေတ်သစ်ကမ္ဘာစာအုပ်ဖြင့်စာဖတ်ဝိုင်းကို ယနေ့ နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူးက AI သမိုင်းကြောင်းနှင့် ဆင့်ကဲပြောင်းလဲလာမှုဖြစ်စဉ်နှင့် Generative AI ၏လုပ်ဆောင်မှုပုံစံ စသည့်တို့ကို လေ့လာမှတ်သားထားရန် လိုအပ်ကြောင်း ဆွေးနွေးသည်။ ထို့နောက် ရုပ်သံကျွမ်းကျင်-၃ မှ စာကြည့်တိုက်ခင်းကျင်းမှုနှင့် စာအုပ်စာစောင်များ ထိန်းသိမ်းထားရှိမှုလုပ်ငန်းများကိုလည်းကောင်း၊ အငယ်တန်းစာရေး(အင်အားပြ)မှ စာအုပ်စာစောင်များ စစ်ဆေးခြင်းလုပ်ငန်း စသည်တို့ကို အသီးသီးဆွေးနွေးမေးမြန်းကြရာ မြို့ဦးစီးမှူးက ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)