မိုင်းခုတ် ဇန်နဝါရီ ၂၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်ရှိ ကလေးစာဖတ်ခန်းတွင် ယမန်နေ့နံနက် ၁၀ နာရီခွဲက အရုပ်ဆက်ပြိုင်ပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်လက်ထောက်(၃) ဒေါ်ဇင်မီမီထွန်းက အရုပ်ဆက်ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် ကျောင်းသားကျောင်းသူများအား ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများကို ရှင်းပြပြီး အ.ထ.က(မိုင်းခုတ်)မှ အလယ်တန်းကျောင်းသား၊ ကျောင်းသူများက ဝင်ရောက်ယှဉ်ပြိုင်ကြသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းခုတ်မြို့ရုံးအနေဖြင့် ကလေးစာဖတ်ခန်းတွင်ပြိုင်ပွဲများကို လစဉ်ပြုလုပ်ပေးလျက်ရှိပြီး ကျောင်းသားလူငယ်များ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)