ပင်လောင်းမြို့နယ်၌ ငလျင်ဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေ ပေးအပ်

ပင်လောင်း ဇန်နဝါရီ ၂၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်၌ ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်သွားသည့် အင်းအားပြင်းငလျင်ကြောင့် ပျက်စီးသွားသည့် နေအိမ်များအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးကော်မတီမှ ခွင့်ပြုပေးထားသည့် ရန်ပုံငွေနှင့် အိမ်ဆောက်ပစ္စည်းများကို ပြည်သူများထံသို့ ဖြန့်ခွဲထောက်ပံ့ပေးလျက်ဖြစ်ရာ ဦးစွာ သစ်ဖိုးငွေများ ထောက်ပံ့ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ထိုသို့ထောက်ပံ့ပေးနိုင်ရေး မြို့နယ်အဆင့် ငလျင်ဘေးသင့်နေအိမ်များ ထောက်ပံ့ရေးကြီးကြပ်မှုကော်မတီအဖွဲ့ (၄)ဖွဲ့စည်း၍ စုရပ်အသီးသီးတွင် ငလျင်လှုပ်ခတ်မှုကြောင့် နေအိမ်လုံးဝပျက်စီးသွားသည့် အိမ်များ၊ တစ်စိတ်တစ်ပိုင်း ပျက်စီးသွားသည့် နေအိမ်များအား ပိုင်ရှင်များထံ သစ်ဖိုးထောက်ပံ့ငွေများ ထုတ်ပေးခဲ့ကြကြောင်း၊ အဆိုပါ ငလျင်လှုပ်ခတ်သွားခြင်းကြောင့် ပင်လောင်းမြို့နယ်တွင် တစ်စိတ်တစ်ပိုင်း ပျက်စီးသွားသည့် နေအိမ် (၇၂၅)အိမ်၊ လုံးဝပျက်စီးသွားသည့် နေအိမ် (၉၆) အိမ်ရှိကြောင်း သိရသည်။  

ငလျင်လှုပ်ခတ်သွားခြင်းကြောင့် ပျက်စီးသွားသည့် နေအိမ်များကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးကော်မတီမှ ခွင့်ပြုပေးထားသည့် ရန်ပုံငွေနှင့် အိမ်ဆောက်ပစ္စည်း သံချောင်း၊ ဘိလပ်မြေ၊ အိမ်မိုးသွပ်များကို ပျက်စီးသွားသည့် နေအိမ်ပိုင်ရှင်များထံ ထပ်မံ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)