ရန်ကုန် ဩဂုတ် ၅
ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ကျန်းမာရေးစစ်ဆေးမှုခံယူရန် ယာယီပိတ်သိမ်းထားခဲ့သည့် ရန်ကုန်တိုင်း ဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကင်းမြို့နယ်နှင့် တောင်ဥက္ကလာပ မြို့နယ်များ အတွင်းရှိ အလုပ်ဌာနများမှ လူမှုဖူလုံရေး မှတ်ပုံတင်ထားသော အာမခံ အလုပ်သမားများအား လူမှုဖူလုံရေး ထောက်ပံ့ကူညီမှု အကျိုးခံစားခွင့် ၄၀ရာခိုင်နှုန်း ပေးအပ်ပွဲကို ယနေ့ နေ့လယ်ပိုင်းက သင်္ဃန်းကျွန်းမြို့နယ် လူမှုဖူလုံရေးရုံးခွဲ(၂)တွင် ကျင်းပ ခဲ့သည်။
လူမှုဖူလုံရေး ထောက်ပံ့ကူညီမှု ပေးအပ်ပွဲအခမ်းအနားတွင်သင်္ဃန်းကျွန်းမြို့နယ် လူမှုဖူလုံရေး ရုံးခွဲ(၂) မှ ဦးစီးအရာရှိ ဒေါ်သီတာ က အလုပ်ဌာနများမှ တာဝန်ခံများထံသို့ လူမှုဖူလုံရေး ထောက်ပံ့ငွေများကိုပေးအပ်ခဲ့သည်။
ထိုသို့လူမှုဖူလုံရေး အာမခံထားရှိသောအလုပ်သမားများအား လူမှုဖူလုံရေးထောက်ပံ့ငွေအကျိုး ခံစားခွင့်များကို မေလ (၁၉)ရက် မှ စတင်ပေးအပ်ခဲ့ရာ ယနေ့အထိစုစုပေါင်း အလုပ်ဌာန ပေါင်း (၁၆၈)ဌာနမှ အာမခံအလုပ်သမား(၁၀၈၃၈)ဦး အတွက် အကျိုး ခံစားခွင့် ၄၀ ရာခိုင်နှုန်း ဖြစ်သော ငွေကျပ် ၄၄၁၂၉၈၇၅၃ဒသမ ၈၈ ကျပ်ကို သက်ဆိုင်ရာအလုပ်ဌာနတို့မှ တာဝန်ခံများထံသို့ ပေးအပ်ခဲ့ပြီးဖြစ်ကြောင်းလူမှုဖူလုံ ရေးရုံးခွဲ(၂)မှဦးစီးအရာရှိဒေါ်သီတာကပြောကြားခဲ့သည်။
လူမှုဖူလုံရေး ထောက်ပံ့ငွေများ ပေးအပ်ရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ဆိုင်ရာ ညွှန်ကြားချက်များ နှင့်အညီ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရဲမင်းထွန်း (ပြန်/ဆက်)