မိုးနဲ ဇန်နဝါရီ ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၅ ရက်တွင် ကျင်းပမည်ဖြစ်ရာ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ကြိုတင်ဆန္ဒမဲပေးခြင်းကို ဇန်နဝါရီ ၁၅ ရက်မှ စတငဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ကြိုတင်ဆန္ဒမဲပေးပေးခြင်းကို ရွေးကောက်ပွဲကျင်းပမည့်နေ့တွင် မဲရုံတာဝန်ထမ်းဆောင်မည့် ပညာရေးဝန်ထမ်းများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ကျန်းမာရေးအရ မဲဆန္ဒနယ် ပြင်ပသို့ သွားရောက်ရန် လိုအပ်သူများအနေဖြင့်လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ညွှန်ကြားချက်နှင့်အညီ ကြိုတင်ဆန္ဒမဲများပေးနိုင်ပြီး သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၄၅(ခ)နှင့် အကျုံးဝင်သည့် မဲဆန္ဒရှင်များအတွက် ဇန်နဝါရီလ ၂၁ ရက်နေ့မှ ၂၄ ရက်နေ့အထိ ကြိုတင်ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)