မြင်းခြံ ဇန်နဝါရီ ၂၀
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) တာဝန်ထမ်းဆောင်ကြမည့် ဆရာ/ ဆရာမများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များက ကြိုတင်ဆန္ဒမဲပေးခြင်းကို ဇန်နဝါရီလ ၁၅ ရက်နေ့ နံနက် ၈ နာရီမှစတင်၍ သက်ဆိုင်ရာ ကြိုတင်ဆန္ဒမဲရုံအသီးသီးတွင် မဲပေးလျက်ရှိသည်။
မြင်းခြံမြို့နယ်အတွင်း ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) ကို ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ပြီး ရပ်ကွက်/ ကျေးရွာအုပ်စု ၂၈ အုပ်စုတွင် မဲရုံ ၆၇ ရုံ၊ မဲဆန္ဒရှင် ပြည်သူ ၁၀၃၃၆ ဦး ရှိကြောင်း သိရသည်။
ချစ်ဦးနွေ(မြင်းခြံ)