သီပေါ ဇန်နဝါရီ ၂၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၃) အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံများပြင်ဆင်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ သီပေါမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလွင်က မဲဆန္ဒရှင်ပြည်သူများ မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေး၊ မဲပေးရာတွင် အဆင်ပြေချောမွေ့စွာ မဲပေးနိုင်ရေးနှင့် ပြည်သူများအားလုံး မဲရုံများသို့ လာရောက်၍ ဆန္ဒမဲပေးနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲများမှ ကြိုတင်၍ ဆော်ဩခြင်းများ၊ Voter Slip များ ကြိုတင်ဝေငှထားကြရန်နှင့် မဲရုံများကို စနစ်တကျ ပြင်ဆင်ဆောင်ရွက်ထားရှိနိုင်ရေးကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအတွင်းရေးမှူး ဒေါ်သီသီထွေးက မဲရုံများတွင် ပြင်ဆင်ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ မဲရုံများသို့ မဲပေးစက် စနစ်တကျ ထုတ်ပေးနိုင်ရေးနှင့် မဲရုံများ စနစ်တကျ ပြင်ဆင်ဆောင်ရွက်နိုင်ရေးအတွက် အသေးစိတ်လုပ်ငန်းများကို ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။
ယင်းနောက် တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များက ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး တာဝန်ကျရာ ရပ်ကွက်၊ ကျေးရွာ အုပ်စုများအလိုက် ဆောင်ရွက်သွားမည့် လုပ်ငန်းများအား ရှင်းလင်းတင်ပြခဲ့ရာ တာဝန်ရှိသူများက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)