ဇလွန်မြို့ အခြေခံပညာမူလတန်းကျောင်းတောရကျောင်းတွင် (သတ္တမအကြိမ်) ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းလုပ်ငန်းများဆောင်ရွက်

ဇလွန် ဇန်နဝါရီ ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းကျန်းမာရေး သီတင်းပတ်အဖြစ် ကျောင်းသား/သူများအား (သတ္တမအကြိမ်) အာဟာရကျွေးမွေးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီလ ၁၉ ရက်နေ့ မွန်းတည့် ၁၂ နာရီတွင် အ.မ.ကတောရ ကျောင်းတွင် ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် သက်ဆိုင်ရာကျောင်းအသီးသီးမှ ကျောင်းအုပ် ဆရာ၊ ဆရာမကြီးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသားမိဘများစုပေါင်း၍ ကျောင်းသား၊ ကျောင်းသူများအား အာဟာရဖြစ်စေမည့် အစားအစာများအား ကျွေးမွေးခဲ့ကြသည်။ အဆိုပါကျောင်းကျန်းမာရေး သီတင်းပတ်အဖြစ် (သတ္တမ)အကြိမ် ကျောင်းသား၊ ကျောင်းသူများအား အာဟာရကျွေးမွေးရာ အ.မ.ကတောရကျောင်းသို့ ဒုတိယမြို့နယ်ပညာရေးမှူး ဆရာဦးမျိုးသန့်နှင့်ဆရာမများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြသည်။

ဝေယံ - ဇလွန်(ပြန်/ဆက်)