အင်္ဂပူမြို့နယ်၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် ပုသိမ်တက္ကသိုလ်မှ ပါမောက္ခများ၊ တွဲဖက်ပါ‌မောက္ခများ၊ ကထိကများမှ ဘာသာရပ်အလိုက်သင်ကြားပို့ချ

အင်္ဂပူ ဇန်နဝါရီ ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးနှင့် အမှတ်‌ပေးစည်းမျဥ်းနှင့်အညီ‌ ဖြေဆိုနိုင်စေရေးအတွက် ပုသိမ်တက္ကသိုလ်မှ ပါမောက္ခများ၊ တွဲဖက်ပါ‌မောက္ခများ၊ ကထိကများမှ ဘာသာရပ်အလိုက် သင်ကြားပို့ချသည့်ခြင်းကို ဇန်နဝါရီလ ၁၉ ရက်နေ့နံနက် ၁၀ နာရီက အ-ထ-က(အင်္ဂပူ) ‌ငုရွှေဝါခန်းမ၌ STEAMS(1)၊(2) အဖွဲ့အားလည်းကောင်း၊ ပြည်သူ့အားကစားခန်းမ၌ STAMS(1) အဖွဲ့အားလည်းကောင်း သင်ကြားပို့ချခဲ့သည်။

ဘာသာရပ်အလိုက်သင်ကြားပို့ချမှုအား ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၏လမ်းညွှန်ချက်ဖြင့် မြန်အောင်ခရိုင်ပညာရေးမှူးရုံးမှ စီစဉ်ဆောင်ရွက်သည့် ပုသိမ်တက္ကသိုလ်မှပါမောက္ခ ဒေါက်တာချိုချိုသန်း (ဓာတုဗေဒဌာန)ဦးဆောင်သောပါမောက္ခများ၊ တွဲဖက်ပါမောက္ခများ၊ကထိကများပါဝင်သည့်ဆရာ၊ ဆရာမကြီးများ၊ မြို့နယ်ပညာရေးမှူး‌ (တာဝန်ခံ) ‌ဆရာဦးမောင်မောင်အေးတို့ပူပေါင်း၍ အင်္ဂပူမြို့နယ်အတွင်းရှိ  အခြေခံပညာ ကျောင်းများနှင့်ကိုယ်ပိုင်‌ကျောင်းတို့မှ Grade-12 ကျောင်းသား၊ ကျောင်းသူ (၁၂၁၆) ဦးအား ဘာသာရပ်အလိုက် သင်ကြားပို့ချခဲ့ကြသည်။

အဆိုပါ  ဘာသာရပ်အလိုက် သင်ကြားပို့ချ‌နေမှုကို မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့်အဖွဲ့ဝင်များ၊ မြန်အောင်ခရိုင် ပညာရေးမှူး ဆရာကြီးဦးမြင့်‌အောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့်အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များအား‌ လမ်းညွှန်မှာကြားကြောင်း သိရသည်။

မန်းကျော်(ပြန်/ဆက်)