ရွှေကူမြို့၌ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ မဲပေးစက်ကိုင်တွယ်အသုံးပြုနည်း သင်တန်းဖွင့်လှစ်

ရွှေကူ ဇန်နဝါရီ ၂၀

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃) အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရပ်ကွက်/ ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအား မဲပေးစက်ကိုင်တွယ်အသုံးပြုနည်း သင်တန်းကို ဇန်နဝါရီလ ၁၉ ရက်နေ့နံနက် ၉ နာရီက ရွှေကူမြို့ နယ်မြေခံတပ်နယ်ရှိ သူရဇာဟိုင်းထန့်ခန်းမ၌ ကျင်းပသည်။

သင်တန်းဖွင့်ပွဲတွင် ဗန်းမော်ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးမြင့်သိန်းက အဖွင့်အမှာစကားပြောကြားပြီး ရွှေကူမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်အေမီဗိုလ်က မြန်မာအီလက်ထရောနစ်မဲပေးစက် ကိုင်တွယ်အသုံးပြုနည်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မဲပေးစက်များဖြင့် လက်တွေ့သရုပ်ပြသ သင်တန်းပို့ချခဲ့သည်။

အဆိုပါသင်တန်းသို့ ဗန်းမော်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရွှေကူမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များနှင့် ခရိုင်၊ မြို့နယ်၊ရပ်ကွက်/ ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ စုစုပေါင်း အင်အား (၁၂၀) ဦး တက်ရောက်ခဲ့ကြပြီး အဆိုပါသင်တန်းကို ဇန်နဝါရီလ ၁၉ ရက်မှ ၂၁ ရက်နေ့အထိ (၃) ရက်ကြာ သင်ကြားပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)