မြို့သစ်မြို့နယ်၌ မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်ဓာတ်ပုံပြပွဲ ကျင်းပ

မြို့သစ် ဇန်နဝါရီ ၂၀

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင်  ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန်နှင့် မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်ဓာတ်ပုံပြပွဲကို ယမန်နေ့ နေ့လယ် (၂)နာရီက မြို့သစ်မြို့နယ် လေးတိုင်စင်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးအသိပညာပေး နံရံကပ်ဓာတ်ပုံပြပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ လေ့လာသင့်သည့် မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးဆိုင်ရာ အကြောင်းအရာများ၊ ကာတွန်း၊ ရုပ်ပြ၊ စာစောင်၊ ပုံပြင်များ၊ ယခုကာလတွင် ကျောင်းသား၊ ကျောင်းသူများ ဆောင်ရန်၊ ရှောင်ရန်အချက်များ သိရှိစေရန် မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးအကြောင်းအရာများ၊ မှတ်တမ်းဓာတ်ပုံများ ပြသရာ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

သန်းဝင်းထွန်း (ပြန်/ဆက်)