ကရသူရိမြို့၌ ကျောင်းသား၊ ကျောင်းသူများအား အပတ်စဉ် စာအုပ်/စာစောင်များ ငှားရမ်းပေး

ကရသူရိ ဇန်နဝါရီ ၂၀

တနင်္သာရီတိုင်းဒေသကြီး၊  ဘုတ်ပြင်းခရိုင်၊  ကရသူရိမြို့၌ ကျောင်းသား၊ ကျောင်းသူများ အပတ်စဉ် စာအုပ်/စာစောင်များ ငှားရမ်းပေးခြင်းကို ဇန်နဝါရီလ ၂၀ရက်၊ နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း၌ ငှားရမ်းပေးခဲ့သည်။

ကျောင်းသား၊ ကျောင်းသူများသည် စာအုပ်/စာပေ လူ့မိတ်ဆွေ၊ စာဖတ်ခြင်းသည် လူငယ်တစ်ယောက်၏ ဘဝကိုတိုးတက်သွားစေယုံမျှမက ပျက်စီးခြင်းဘေးမှလည်းကာကွယ်နိုင်ခြင်း၊ အလိမ္မာစာမှာရှိစသည့် စာဖတ်ခြင်းဖြင့်ရရှိသည့် အကျိုးကျေးဇူးများကို သိရှိနိုင်ပြီး စာပေဝါသနာရှင်များထွန်းကားရေး၊ ဉာဏ်ရည်/ဉာဏ်သွေးထက်မြက်ရေးနှင့် အသိပညာကြွယ်ဝရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနဝန်ထမ်းများက လက်ဝယ်အရောက်ငှားရမ်းပေးခြင်းဖြစ်ရာ အဆိုပါငှားရမ်းရာ၌ အထွေထွေဗဟုသုတ စာအုပ်၊ ဂျာနယ်၊ ဝတ္ထု၊ သုတ/ရသ၊ မဂ္ဂဇင်း၊ ကာတွန်းနှင့် ရုပ်ပြစာအုပ်များ အပတ်စဉ် ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။

ကရသူရိ(ပြန်/ဆက်)