ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်း သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

ဒဂုံတောင် ဇန်နဝါရီ ၂၀

ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် မသန်စွမ်းမှုအဆင့် သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် စက်မှုဇုန် (၁)၊ ဇုန်စီမံခန့်ခွဲ‌ရေးကော်မတီအစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၉ နာရီခွဲကဖွင့်လှစ်ရာ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး ဥပဒေအထောက်အကူပေးရေးအဖွဲ့ဥက္ကဋ္ဌ၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး၊ မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်၊ ဒုတိယဥက္ကဋ္ဌနှင့် တာန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစန်းလွင်က အဖွင့်အမှာစကားပြောကြား၍ ရန်ကုန်တိုင်းဒေသကြီး ဥပဒေအထောက်အကူပေးရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်ဝင်းက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး‌နောက် ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြတ်ကိုကိုက မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းသင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်၊ ဒုတိယဥက္ကဋ္ဌ ဦးနိုင်အောင်သန်းလွင်က ကျေးဇူးတင်စကားပြောကြားပြီးနောက် အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူး၍ အခမ်းအနားအောင်မြင်စွာကျင်းပကြောင်း သိရသည်။

အဆိုပါသင်တန်းအား သင်တန်းသား/သင်တန်းသူ (၁၁၀) ဦးဖြင့် ဇန်နဝါရီ ၂၀ရက်နေ့မှ ၂၁ ရက်နေ့အထိ ၂ ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး မသန်စွမ်းသူမှတ်ပုံတင်လက်မှတ်များကို လိုအပ်သည့် အထောက်အထားများနှင့်အတူ ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ် ၁၄ မြို့နယ်၌လည်းကောင်း၊ ဇန်နဝါရီ ၂၁ ရက်နေ့မှ စတင်၍ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၌လည်းကောင်း၊ သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်‌ရေးမှူးရုံးများတွင် လာရောက်လျှောက်ထားနိုင်ကြောင်း သိရသည်။

နေမျိုးအောင်