ကရသူရိမြို့၌ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲဆောင်ရွက်

ကရသူရိ ဇန်နဝါရီ ၂၀

တနင်္သာရီတိုင်းဒေသကြီး၊  ဘုတ်ပြင်းခရိုင်၊  ကရသူရိမြို့၊ အ​​ခြေခံပညာအထက်တန်းကျောင်း၌ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ် ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ဇန်နဝါရီ ၂၀ ရက် နံနက် ၉ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

 အခမ်းအနားတွင် ကျောင်းအုပ်ဆရာကြီးက အဖွင့်အမှာစကားပြောကြားပြီး ဘုတ်ပြင်းမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစောလူးသယ်ရွှေက သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာများဖြစ်သည့် ကမ္ဘာမြေထိန်း သိမ်းခြင်းဆိုင်ရာအခြေခံနည်းလမ်းများ၊ မီးခိုးမြူငွေ့များဖြစ်ပေါ်စေသည့် တောမီးလောင်ကျွမ်းမှုဆိုင်ရာ အကြောင်း၊ သစ်တောများက ပေးစွမ်းနိုင်သည့်အကျိုးကျေးဇူးများနှင့် လေထုညစ်ညမ်းမှု၏ ဆိုးကျိုးများစသည်တို့ကို ပညာပေးဟောပြောပြီး  သစ်တောထိန်းသိမ်းရေး၊ သစ်ပင်စိုက်ပျိုးခြင်းကြောင့်သဘာဝဘေးဒဏ်များမှ ကာကွယ်ပေးခြင်းဆိုင်ရာ Video Clip ပြသခြင်း၊ ကျောင်းသား၊ ကျောင်းသူများမှ သိရှိလိုသည်များအပေါ် ပြန်လည် ရှင်းလင်းဖြေကြားခြင်းနှင့်​လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။   

ထို့နောက် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိက ကျောင်းစာကြည့်တိုက်အတွက် သစ်တောကြေးမုံ ဂျာနယ်များ၊ သစ်စေ့များ ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာကြီးက လက်ခံရယူခဲ့ကြောင်း သိရသည်။

ကရသူရိ(ပြန်/ဆက်)