သန်လျင်မြို့နယ် အ.မ.က ဒေးဇတ်ကျောင်း၌ ကျောင်းသား/ကျောင်းသူများအား အာဟာရကျွေးမွေး

ရန်ကုန် ဇန်နဝါရီ ၂၀

သန်လျင်ခရိုင် သန်လျင်မြို့နယ်ရှိ အခြခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူများအား အာဟာရကျွေးမွေးလျက်ရှိရာ ယနေ့မွန်းလွဲပိုင်းက အ.မ.က ဒေးဇတ်ကျောင်း၌ ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ အာဟာရကျွေးမွေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်ကော်မတီဝင်များနှင့် ပူးပေါင်းကာ ကျောင်းသား/ ကျောင်းသူများအား တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် ပတ်သက်သည့် အကြောင်းအရာများအား ရှင်းလင်းပြောကြားခဲ့ပြီး KG တန်းကျောင်းသား၊ ကျောင်းသူများအား အာဟာရဖြစ်စေမည့် အစားအစာများ ကျွေးမွေးခဲ့ကြောင်း သိရသည်။

ဖြိုးသီဟ