ကမာရွတ်မြို့နယ် လူထုအေခြပြုဗဟိုဌာန (Community Center) ခန်းမတွင် (ရ၉) နှစ်မြောက် ပြည်ေထာင်စုနေ့ အထိမ်းအမှတ်ဟောပြော၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ဂိမ်းကစားပြိုင်ပွဲများကျင်းပ

ရန်ကုန် ဇန်နဝါရီ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Center) တွင် (ရ၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်ဟောပြောပွဲ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲနှင့် ဂိမ်းကစားပြိုင်ပွဲများကို ယမန်နေ့ နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။ 

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စိမ်းလဲ့က ပြည်ထာင်စုနေ့ ကျင်ပပေးရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြီး၊ စာရေးဆရာဦးဝင်းသိန်းမှ ပြညွ်ထောင်စုနေ့ဖြစ်‌ပေါ်လာပုံ အကြောင်းအသိပညာ‌ပေးဟောပြောခဲ့ပြီး မူလတန်းအဆင့်၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို ကျင်းပခဲ့ရာ ကျောင်းသား/သူ (၂၀) ဦးက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

ဆက်လက်၍ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲနှင့် ဂိမ်းကစားပြိုင်ပွဲများကို ကျင်းပခဲ့ရာ ဆုရရှိသူ ကျောင်းသား၊ ကျောင်းသူများအား ဆုများအသီးသီးပေးအပ်ချီးမြှင့်‌‌ခဲ့ကြောင်း သတင်းရရှိသည်။

စိမ်းလဲ့ (ပြန်/ဆက်)