ကျိုင်းတောင်းမြို့၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အကြို အသိပညာပေးဟောပြောပွဲ ဆောင်ရွက်

ကျိုင်းတောင်း ဇန်နဝါရီလ ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့ရှိ အခြေခံပညာမူလတန်းကျောင်း(လုံကောင့်)သို့ ယနေ့ နံနက် ၁၀ နာရီအချိန်၌ ကျိုင်း​တောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဝန်ထမ်းများမှ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အကြို အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

ဟောပြောပွဲတွင် ကျိုင်းတောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန ဒုတိယဉီးစီးမှူး ဉီးစိုင်းသီဟထွန်းမှ ကျောင်းသား၊ ကျောင်းသူများသို့ ပြည်ထောင်စုနေ့ပေါ်ပေါက်လာရခြင်းသမိုင်းကြောင်းကို ရှင်းလင်းဟောပြော​ခဲ့ပြီး လွတ်လပ်ရေးအတွက် ကြိုးပမ်းသူများအကြောင်း ထပ်ဆင့်ဟောပြောခဲ့သည်။

ဆက်လက်၍ စည်းလုံးခြင်းသည်အင်အားဖြစ်ကြောင်း ထပ်ဆင့်​ဟောပြောခဲ့ပြီး စည်းလုံးခြင်းကို အခြေခံသော “နွားသုံးကောင်နှင့် ခြင်္သေ့”ပုံပြင် ပြောပြခဲ့ကြောင်း သိရပါသည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား အသိပညာဗဟုသုတတိုးပွားစေရန် စာအုပ်စာစောင်များ ဖတ်ရှုလေ့လာသင့်ကြောင်း တိုက်တွန်းဟောပြောခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာနမှ ယူဆောင်လာသောစာအုပ်များ ငှားရမ်းပေးခဲ့ကြောင်း သိရပါသည်။

ထို့နောက် ပြည်ထောင်စုနေ့နှင့်သက်ဆိုင်သော နံရံကပ်စာစောင်နှင့် နံရံကပ်ဓာတ်ပုံများကို ကျောင်းသား၊ ကျောင်းသူများအား ပြသလေ့လာစေခဲ့ကြောင်း သိရပါသည်။

ကိုကို(ပြန်/ဆက်)