ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ (အပိုင်း-၃) အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အင်းစိန်ခရိုင် ရွေးကောက်ပွဲဆိုင်ရာတာဝန်ရှိသူများက၊ မြို့နယ်များသို့ ကွင်းဆင်းဆောင်ရွက်

လှိုင်သာယာ ဇန်နဝါရီ ၂၀

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) အောင်မြင်စွာ ကျင်းပနိုင်စေရေးအတွက် အင်းစိန်ခရိုင် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် မြို့နယ်များသို့ သွားရောက်ကွင်းဆင်းဆောင်ရွက်​ဆွေးနွေးခြင်းကို ယမန်နေ့ ညနေ (၄) နာရီက လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်စုပေါင်းရုံးမြို့နယ်ခန်းမတွင် ပြုလုပ်သည်။

ဦးစွာ အင်းစိန်ခရိုင် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးအုန်းခိုင်က အမှာစကားပြောကြားပြီး၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူး ဦးမောင်မောင်တင်က ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ အဆင်ပြေစွာမဲမေးနိုင်စေရန်၊ အပိုင်း (၁) နှင့် အပိုင်း (၂) တို့တွင် ပြည်သူများမဲပေးရာတွင် အနည်း၊ အများအဆင်မပြေမှုရှိခဲ့သော်လည်း အပိုင်း (၃) ကိုအောင်မြင်စွာကျင်းပနိုင်စေရန် လိုအပ်ချက်လုံးဝမရှိစေရဘဲ အဖက်ဖက်ကလိုအပ်သည်များကို ပြည့်ဆည်းပေးပြီး ​မဲဆန္ဒရှင်ပြည်သူများ စိတ်ချမ်းသာစွာမဲပေးနိုင်စေရန်အတွက် မြို့နယ်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်တာဝန်ရှိသူများနှင့် မဲရုံမှူး၊ ဒုမဲရုံမှူးများကို မှာကြားသည်။

ထို့နောက် မြို့နယ်ကော်မရှင်တာဝန်ရှိသူများက လိုအပ်သည်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)