လသာ ဇန်နဝါရီ ၂၀
ကျောက်တံတားခရိုင်၊ လသာမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၁ နာရီခွဲအချိန်၌ အ.ထ.က (၂) လသာမြညီလာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါဟောပြောပွဲကို မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့နှင့် မြို့နယ်အရန်မီးသတ်တပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာနိုင်သည့် အခြေအနေများနှင့် ကြိုတင်ကာကွယ်ရေးနည်းလမ်းများကို အသိပညာပေးဟောပြောခဲ့ကြသည်။
အခမ်းအနားသို့ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာမများ၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး မြို့နယ်အရန်မီးသတ်တပ်ဖွဲ့မှ မီးသတ်ဆေးဘူးအသုံးပြုပုံကို လက်တွေ့ရှင်းလင်းပြသခဲ့ပြီး မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ အရေးပေါ်လူနာများအား ကယ်ဆယ်ရေးလုပ်ငန်းများကို လက်တွေ့သရုပ်ပြသခဲ့ကြောင်း သိရသည်။
နေလင်း (ပြန်/ဆက်)