မင်္ဂလာတောင်ညွန့် ဇန်နဝါရီ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ သာယာကုန်းရပ်ကွက်၊ နှင်းဆီလမ်း၊ အမှတ် (C/3)၊ အခန်းအမှတ် (၀၀၁) မြေညီရှိ GALACTICO အထည်ဆိုင်တွင် ယမန်နေ့နံနက် နာရီ ၃၃ မိနစ်အချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ပါသည်။
မီးလောင်မှုဖြစ်ပွားရာသို့ ရန်ကုန်တိုင်းဒေသကြီးမီးသတ်ဦးစီးဌာန၊ ဒုတိယညွန်ကြားရေးမှူးချုပ် ဦးရဲမင်းသူ၊ ဗိုလ်တထောင်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ် ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်လွင်အတွင်းရေးမှူး ဗိုလ်တထောင်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး လှဘုန်းကျော်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ မင်္ဂလာတောင်ညွန့်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြသိန်းထွန်းနှင့် အဖွဲ့ဝင်များ၊ မင်္ဂလာတောင်ညွန့်မြို့နယ် ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး မြင့်ခင်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ အမှတ် (၃၄) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး ဒုရဲမှူး ဇော်အောင်ထွန်းနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ သတင်းရဲတပ်ဖွဲ့ခွဲ (ရန်ကုန်) မင်္ဂလာတောင်ညွန့်မှ ရဲတပ်ကြပ်ကြီး ဇော်ဝင်းကို၊ ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးမင်းစန်အေး၊ ဦးစီးသန္ဓေတပ်ဖွဲ့ဝင် (၃၃၀) ဦး၊ အရန်မီးသတ် (၁၁၇) ဦး၊ မီးငြိမ်းသတ်ယာဉ် (၂၆) စီး၊ ရေသယ်ယာဉ် (၁၃) စီး၊ ကွပ်ကဲမှုယာဉ် (၉) စီး၊ အထောက်အကူပြုယာဉ် (၆) စီးတို့ဖြင့် သွားရောက်မီးငြိမ်းသတ်ခဲ့ရာ (၁၁:၁၅) အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး (၁၁:၄၂) အချိန်တွင် မီးငြိမ်းသွားခဲ့ပါသည်။
မီးလောင်မှုဖြစ်စဉ်မှာ GALACTICO အထည်ဆိုင်မှ အရောင်းဝန်ထမ်းလုပ်ကိုင်သူ မောင်ကောင်းခန့်ပိုင်၊ (၂၀) နှစ်သည်ကတ်ထူစက္ကူအဟောင်းပေါ်တင်၍ ဖုန်းအားသွင်းရာမှ ဝါယာရှော့ဖြစ်ကာ စတင်မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
မီးလောင်မှုဖြစ်စဥ်ကြောင့် တိုက်အမှတ် (C/3) အခန်းအမှတ် (၀၀၁) မြေညီထပ်နှင့် ထပ်ခိုး (GALACTICO) အထည်ဆိုင်၊ တိုက်အမှတ် (B/2) အခန်း (၀၀၁) မြေညီထပ်နှင့် ထပ်ခိုး (GALACTICO) အထည်ဆိုင်ခန်းများ မီးလောင်ခဲ့ပြီး သိန်း (၉၀) တန်ဖိုးဆုံးရှုံးသွားကြောင်းနှင့် လူနှင့် တိရစ္ဆာန်ဆုံးရှုံးမှုမရှိပါကြောင်း သိရပါသည်။
မြတ်မြတ်အေး (ပြန်/ဆက်)