ရန်ကင်း ဇန်နဝါရီ ၂၀
ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ်အတွင်းရှိ ပြည်သူများမှ ဇန်နဝါရီ (၂၅) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၃) တွင် နိုင်ငံသားတစ်ဦး၏ အခွင့်အရေးတစ်ရပ်အနေဖြင့် ဆန္ဒမဲပေးနိုင်ရေးအတွက် ရွေးကောက်ပွဲလှုံ့ဆော်မှုအစီအစဥ်အဖြစ် အသိပေးလိုက်လံနှိုးဆော်ခြင်းကို ဆောင်ရွက်လျက်ရှိရာ ယနေ့၊ နံနက် (၈) နာရီအချိန်က ရပ်ကွက် (၁၅) ခုအလိုက် လူစည်ကားရာနေရာများ၊ လမ်းသွားလမ်းလာခရီးသွားလာပြည်သူများကို “ဒို့အတူတူမဲပေးကြမယ်” အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေဆောင်ရွက်လျက်ရှိရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလွှမ်းမိုးအောင် ကြီးကြပ်၍ မြို့နယ်/ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်အမျိုးသမီးရေးရာ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းမှ တာဝန်ရှိသူများ ပူးပေါင်း၍ ရပ်ကွက် (၁၅) ခုအလိုက် ဆောင်ရွက်ခဲ့ကြသည်။
အလားတူ ရန်ကင်းမြို့နယ် ရပ်ကွက် (၁၅) ရပ်ကွက်ရှိ လူစည်ကားရာနေရာများ၊ စျေးများတွင်လည်း ရွေးကောက်ပွဲဆိုင်ရာ အသိပေးနှိုးဆော်ချက်များကို မော်တော်ယာဥ်များဖြင့် လိုက်လံအသိပေးခြင်းကို အချိန်နှင့်တစ်ပြေးညီ နှိုးဆော်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
လှလှထွေး (ပြန်/ဆက်)