မင်္ဂလာတောင်ညွန့်မြို့နယ်တွင် “ဒို့အတူတူမဲပေးကြမယ်” ရွေးကောက်ပွဲလှုံ့ဆော်ရေး လက်ကမ်းစာစောင်များအား အရှိန်အဟုန်မြှင့်ဆက်လက်ဖြန့်ဝေ

မင်္ဂလာတောင်ညွန့် ဇန်နဝါရီ ၂၀

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ (၂၅) ရက်နေ့၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အပိုင်း (၃) ကို ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကျင်းပပြုလုပ်မည့်ဖြစ်ရာ ပြည်သူများ ပိုမိုပါဝင်မဲပေးနိုင်ရေးအတွက် ရွေးကောက်ပွဲအောင်မြင်ရေး လှုံ့ဆော်မှုလက်ကမ်းစာစောင်များအား မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ လူစည်းကားရာနေရာဖြစ်သည့် စံပြဖဆပလရပ်ကွက်၊ဖဆပလ‌ ဈေး၊မင်္ဂလာ‌တောင်ညွန့်ရပ်ကွက် မြယာကုန်းလမ်းရှိ မင်္ဂလာတောင်ညွန့်ဈေးနှင့် သိမ်ဖြူမီးရထားရပ်ကွက် ဗိုလ်မင်းရောင်လမ်းရှိ သိမ်ဖြူ‌ဈေးများတွင် ယနေ့နံနက် (၈) နာရီကစ၍ တာဝန်ရှိသူများက ဖြန့်ဝေပေးခဲ့ပါကြောင်း သိရသည်။

အဆိုပါ “ဒို့အတူတူမဲပေးကြမယ်” လက်ကမ်းစာစောင်များကို ပြည်သူများ လက်ဝယ်အရောက် ဗိုလ်တထောင်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်လွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြသိန်းထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ မင်္ဂလာတောင်ညွန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်နှင့် ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးအဖွဲ့နှင့် လူမှုရေးအသင်းအဖွဲ့များတို့မှ တာဝန်ရှိသူများက ဖြန့်ဝေပေးခဲ့ကြပါသည်။

“ဒို့အတူတူမဲပေးကြမယ်” ရွေးကောက်ပွဲလှုံ့ဆော်ရေး လက်ကမ်းစာစောင်တွင် “ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့ ဒီမိုကရေစီကိုပြန်လည်ဖော်ဆောင်ဖို့အတွက် ရွေးကောက်ပွဲမှလွဲ၍ အခြားနည်းမရှိပါ” စသောအကြောင်းအရာများ ပါဝင်ကြောင်း သိရှိရသည်။

မြတ်မြတ်အေး (ပြန်/ဆက်)