အ.မ.က(ကျီးအစ်)တွင် ကျောင်းသား၊ ကျောင်းသူများကို အသိပညာပေးဟောပြော၍ ပညာပေးနံရံကပ်စာစောင်များ ပြသ

နမ့်စန်(တ) ဇန်နဝါရီ ၂၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဆောင်ရွက်သည့် အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီက အမှတ်(၅)ကျေးရွာအုပ်စုရှိ ကျီးအစ်အခြေခံပညာမူလတန်းကျောင်းတွင် ဆောင်ရွက်ခဲ့ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးမြင့်ခိုင်နှင့် ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မေပြုံးပွင့်အောင်က ပလတ်စတစ်သုံးစွဲမှုလျှော့ချရေးခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများကို ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်း၊ စာဖတ်ဝိုင်းဆောင်ရွက်ခြင်းနှင့် နံရံကပ်စာစောင်များပြသခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ငြိမ်းချမ်းအောင်(နမ့်စန်)