ကွန်ဟိန်း ဇန်နဝါရီ ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့၊ အမှတ်(၂)အခြေခံပညာမူလတန်းကျောင်း၌ နယ်လှည့်စာကြည့်တိုက်နှင့် စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲအား ယမန်နေ့ နံနက် (၁၀)နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ စာကြည့်တိုက်လက်ထောက်-(၃) ဒေါ်သဲမာက ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများရရှိစေရန်၊ စာဖတ်ရှိန်မြင့်မားလာစေရန်၊ စာဖတ်ခြင်း၏အကျိုးကျေးဇူးများ၊ စာဖတ်ခြင်းကြောင့် စိတ်အတွေးများ သန့်စင်ပြီး နှလုံးသားနူးညံ့နေမှာဖြစ်ကြောင်း၊ စာဖတ်ရခြင်း၏ ရည်ရွယ်ချက်ကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
ထို့နောက် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်း၊ ဖတ်ရှုစေခြင်းများ ဆောင်ရွက်ပေးပြီး ကျောင်းသား/ကျောင်းသူများက ခင်းကျင်းပြသထားသော စာအုပ်ပြပွဲနှင့် အသိပညာပေးနံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)