တောင်ကြီးတက္ကသိုလ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အထူးပြုဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲနှင့် ပိတ်ပွဲအခမ်းအနား ကျင်းပ

တောင်ကြီး ဇန်နဝါရီ ၂၁

တောင်ကြီးတက္ကသိုလ်၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အထူးပြုဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲအား တောင်ကြီးတက္ကသိုလ်ဘောလုံးကွင်း၌ ဇန်နဝါရီလ(၁၉)ရက်နေ့မှ စတင်ကျင်းပလျက်ရှိရာ ဆုချီးမြှင့်ပွဲနှင့် ပိတ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်သည်။

ပြေးခုန်ပစ်ပြိုင်ပွဲတွင် အမျိုးသား/အမျိုးသမီး မီတာ (၁၀၀)၊ (၂၀၀)၊(၄၀၀)၊(၈၀၀)၊ (၁၅၀၀)၊ (၅၀၀၀) (၃၀၀၀)များ၊ အမျိုးသား အလျားခုန်၊ သုံးဆင့်ခုန်၊ အမြင့်ခုန်၊ လှံတံပစ်၊ သံလုံးပစ်၊ သံပြားပစ်များ၊ အမျိုးသားလက်ဆင့်ကမ်း မီတာ(၁၀၀x၄)၊ မီတာ (၄၀၀x၄) စသည့် အားကစားများ ယှဉ်ပြိုင်ကစားနေမှုကို တောင်ကြီးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာကေသီသင်၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာကိုကိုနိုင်နှင့် ဒေါက်တာအောင်နေမျိုး၊ ပါမောက္ခဌာနမှူးများ၊ ဆရာဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုအားပေးခဲ့ကြသည်။

ဆက်လက်၍ ဆုချီးမြှင့်ပွဲအားကျင်းပရာ ရှမ်းပြည်နယ်ဒိုင်အဖွဲ့နှင့် ကြက်ခြေနီအဖွဲ့အား အမှတ်တရဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ပြီး အားကစားနည်းများအလိုက် ဆုများရရှိခဲ့ကြသည့် ပြေးခုန်ပစ်အားကစားသမားများအား တောင်ကြီးတက္ကသိုလ် ဒုတိယပါမောက္ခချုပ်များနှင့် ပါမောက္ခဌာနမှူးများက ဆုတံဆိပ်နှင့် ငွေသားဆုများအသီးသီးပေးအပ်ချီးမြှင့်ပေးကြသည့်။ ထို့နောက် ဘာသာရပ်အလိုက် အမှတ်အများဆုံးရရှိသည့် အမျိုးသမီးအသင်း၊ အမျိုးသားအသင်းနှင့် တံခွန်စိုက်ဒိုင်းဆုရရှိသည့်အသင်းတို့အား တောင်ကြီးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာကေသီသင်က တံခွန်စိုက်ဒိုင်းဆု၊ ဆုတံဆိပ်နှင့် ငွေသားဆုများ ချီးမြှင့်ပေးကြောင်း သိရှိရသည်။

ထက်ဝေအောင်(ပြန်/ဆက်)