သရက်မြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

သရက် ဇန်နဝါရီ ၂၁

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၁)နာရီက အမှတ်(၁)အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း ရာပြည့်ခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးမြင့်အောင်က "အောင်မြင်ချင်ရင် ကိုယ်တိုင်ကြိုးစားရမည်" ခေါင်းစဉ်ဖြင့် ဟောပြောပေးခဲ့ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ထက်နန္ဒာထွန်းက ပလတ်စတစ်ညစ်ညမ်းမှုနှင့် စနစ်တကျအမှိုက်စွန့်ပစ်ခြင်း အကြောင်းအရာများကို ပြောကြားပေးခဲ့သည်။

ထို့နောက် မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝေဖြိုးအောင်က မီးသတ်ဆေးဘူးအသုံးပြု၍ မီးငြှိမ်းသတ်ပုံအဆင့်ဆင့်ကို ပြောကြားပေးခဲ့ပြီး လူမှုဝန်ထမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နော်ဖော်ဝါးက ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာများ ပြောကြားပေးခဲ့သည်။ ထို့နောက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြထွေးက မီးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပေးခဲ့သည်။ အခမ်းအနားအပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပြီး တက်ရောက်လာသည့် ကျောင်းသား/ကျောင်းသူများက လှပသာယာပြည်မြန်မာ နံရံကပ်ဓာတ်ပုံများအား ကြည့်ရှုခဲ့ကြကြောင်း သိရသည်၊၊   

ဇော်ထက် (သရက်)