တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး)၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့်ပညာ ရည်ချွန်ဆုပေးပွဲကျင်းပ

အောင်မြေသာစံ ဇန်နဝါရီ ၂၁

မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး)၊ ၁၁/၂၀၂၅(ပထမနှစ်)သင်တန်း မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ဇန်နဝါရီ ၂၀ ရက် နံနက် ၈ နာရီခွဲက တိုင်းရင်းဆေးသိပ္ပံကျောင်း၌ ကျင်းပသည်။

အခမ်းအနားသို့ တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး)ပါမောက္ခချုပ် ပါမောက္ခဒေါက်တာသိန်းဇော်လင်း၊ ဒုတိယပါမောက္ခချုပ်(စီမံ)ဒေါက်တာမြင့်မြင့်သန်း၊ ဒုတိယပါမောက္ခချုပ် (သင်ကြား)ပါမောက္ခဌေးလွင်၊ မော်ကွန်းထိန်းဦးမြင့်အေးနှင့်ဌာနမှူးများ၊ တိုင်းရင်းဆေးပညာ ဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးသာဝင်း၊ ကုတင်(၁၀၀)ဆံ့ သင်ကြားရေးတိုင်းရင်းဆေးရုံ (မန္တလေး)ဆေးရုံအုပ်ကြီး ဒေါ်မိမိ၊ တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးစက်ရုံ(မန္တလေး)စက်ရုံမှူး ဦးသန်းထွန်းအောင်၊ တိုင်းရင်းဆေးဆရာအသင်း(မန္တလေး)ဥက္ကဋ္ဌ ဦးတင်ဝင်းနိုင်နှင့်အလုပ်အမှုဆောင်များ၊ အလှူရှင်များ၊ ကျောင်သား၊ ကျောင်းသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာသိန်းဇော်လင်းက အဖွင့်အမှာစကားပြောကြားပြီး၊ ဒုတိယပါမောက္ခချုပ်(စီမံ) ဒေါက်တာ မြင့်မြင့်သန်းနှင့်ဒု တိယပါမောက္ခချုပ် (သင်ကြား) ပါမောက္ခဌေးလွင်တို့က ဆက်လက်အမှာစကားပြောကြားကြသည်။

ထို့နောက် စတုတ္ထနှစ်စီနီယာတန်း၊ စတုတ္ထနှစ်ဂျူနီယာတန်း၊ တတိယနှစ်တန်းနှင့်Medical Year II မှ ကျောင်းသားကိုယ်စားလှယ်များကဘကြိုဆိုနှုတ် ခွန်းဆက်စကားများပြောကြပြီး၊ Medical Year I မှ ကျောင်းသားကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။၎င်းနောက် မော်ကွန်းထိန်းဆရာဦးမြင့်အေးမှ တက္ကသိုလ်၏စည်းကမ်းချက်များ ရှင်းလင်းပြောကြားပြီး ကျောင်းသား၊ ကျောင်းသူများက ထာဝရမြန်မာတိုင်းရင်းသားအကဖြင့် ကပြဖျော်ဖြေကြသည်။ ဆက်လက်၍ ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာသိန်းဇော်လင်းနှင့်တာဝန်ရှိသူများက ဂုဏ်ထူးဆောင် ပါမောက္ခများနှင့်ဆရာ/ဆရာမများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် လက်ဆောင်ပစ္စည်းများကိုလည်းကောင်း၊ ၂၀၂၄- ၂၀၂၅ ပညာသင်နှစ်နှင့် ၂၀၂၅ ပညာသင်နှစ်တွင် ထူးချွန်ရရှိသူများအား ပညာရည်ချွန်ဆုများကိုလည်းကောင်း၊ အတန်းအသီးသီးတွင်လာရောက် သင်ကြားပေးပါသော ဆရာမများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် လက်ဆောင်ပစ္စည်းများကိုလည်းကောင်း၊ မောရိယတိုင်းရင်းဆေးဝါးထုတ်လုပ်ရေးစက်ရုံသို့လေ့လာခရီးစဉ်အား ပြန်လည် ဆန်းစစ်ချက်အတွက်ဆုရရှိသူများအား ဆုများကိုလည်းကောင်း၊ Medica l Year I, Power point Presentation Skill Comp etitio အဖွဲ့လိုက်ပြိုင်ပွဲတွင် အကောင်းဆုံးပထမဆုရရှိသည့်အဖွဲ့အား ဆုများကိုလည်းကောင်း၊ ၁၁/၂၀၂၅ မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့်ပညာရည်ချွန်ဆုပေးပွဲတွင် ကူညီပံ့ပိုးပေးပါသော အလှူရှင်များအာ ဂုဏ်ပြုမှတ်တမ်းလွှာများကိုလည်းကောင်း အသီးသီးချီး မြှင့်ပေးကြပြီးနောက် ကျောင်းသား၊ ကျောင်းသူများမှ တေးသီချင်းများဖြင့် ကပြဖျော်ဖြေခြင်းနှင့် King Queen selectionများ ရွေးချယ်ဆောင်ရွက်ခဲကြကြောင်း သိရသည်။

မြင့်မော်ထွန်း(အောင်စံ၊ပြန်/ဆက်)