မိုးနဲမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)အတွက် မဲရုံအဖြစ်ဆောင်ရွက်မည့် တည်နေရာများအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

မိုးနဲ ဇန်နဝါရီ ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်တွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၅ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃) အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံအဖြစ်ထားရှိမည့် တည်နေရာများကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် လင်းခေးမြို့၊ တပ်နယ်(လင်းခေး)တပ်နယ်မှူး ဗိုလ်မှူးကြီးကျော်ထွန်းလတ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များက မဲရုံအဖြစ်ဆောင်ရွက်မည့် လွိုင်အိုင်မဲရုံ၊ နားခံမဲရုံ၊ ဝမ်ယေးမဲရုံ၊ မယ်ဇလီမြိုင်မဲရုံနှင့် ဆွန်မရမ်းကျေးရွာမဲရုံတို့အား မဲရုံတည်နေရာ၊ မဲရုံအဖြစ်ဆောင်ရွက်မည့် အဆောက်အဦး၊ မဲရုံပြင်ဆင်မှုနှင့် လုံခြုံရေးဆိုင်ရာကိစ္စများကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)