သရက်ချောင်းမြို့နယ်၌ သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေနှင့်နည်းဥပဒေ အသိပညာပေးဟောပြောပွဲကျင်းပ

သရက်ချောင်း ဇန်နဝါရီ ၂၁

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများအား သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက သရက်ချောင်းမြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပသည်။

ဟောပြောပွဲတွင် သရက်ချောင်းမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးအေးကကျောင်းသား၊ ကျောင်းသူများအား သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေများအကြောင်း၊ သက်ကြီးရွယ်အိုဆိုင်ရာ အဓိပ္ပါယ်များအကြောင်း၊ သက်ကြီးရွယ်အို များဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုယန္တရားများအကြောင်း၊ သက်ကြီးဘိုးဘွား လူမှုရေးပင်စင်လျှောက်ထားမှု အစီအစဉ်များအကြောင်း၊ သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေနှင့်နည်းဥပဒေများတွင် ပါရှိသော သားသမီးမြေးတို့၏ တာဝန်များအကြောင်း၊ သက်ကြီးရွယ်အိုများအား ထောက်ပံ့ကူညီရေး‌ဆိုင်ရာ လူမှုရေးအသင်းအဖွဲ့များ အသိအမှတ်ပြုလက်မှတ်လျှောက်ထားခြင်းအကြောင်းနှင့် မိမိတို့လူမှုဝန်ထမ်းဦးစီးဌာန၏ လုပ်ငန်းစဉ်နှင့် လုပ်ဆောင်ချက်များအကြောင်းကို အသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာသော ကျောင်းသူ၊ ကျောင်းသားများနှင့် အပြန်အလှန်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးပိုင်(ပြန်/ဆက်)