ကျောက်မဲမြို့နယ်၌ ဒို့အတူမဲပေးကြမယ် အသိပညာပေး လက်ကမ်းစာစောင်များ ပြည်သူ့လက်ဝယ်အ‌ရောက်ဖြန့်ဝေ

ကျောက်မဲ ဇန်နဝါရီ ၂၁

ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်၌ ဒို့အတူမဲပေးကြမယ် အသိပညာပေး သတင်းစကားလက်ကမ်းစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့ နေ့လယ် ၃ နာရီက လူစည်ကားရာနေရာဖြစ်သည့် ကျောက်မဲမြို့ ဗဟိုဈေးကြီးနှင့် ညဈေးတို့တွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မကြာမီကျင်းပမည့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း ၃ တွင် ကျောက်မဲမြို့နယ်ရှိ အသက် ၁၈ နှစ်နှင့်အထက် မဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားတိုင်း ဆန္ဒမဲပေးနိုင်ရေးအတွက်ရည်ရွယ်၍ “ဒို့အတူမဲပေးကြမယ်” လက်ကမ်းစာစောင်များကို ပြည်သူများထံသို့ကျောက်မဲခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဆွေဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျောက်မဲခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများတို့က လက်ကမ်းစာစောင် စောင်ရေ ၅၀၀ စောင်ကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူအားလုံး ပါဝင်မဲပေးနိုင်‌ရေး အသံချဲ့စက်ဖြင့် လှည့်လည်အသိပေးလှုံ့ဆော်မှုများကိုလည်း မြို့နယ်အတွင်း စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)