မိုင်းရှူးမြို့နယ်အတွင်း ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ (တတိယပိုင်း) အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်

မိုင်းရှူး ဇန်နဝါရီ ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်အတွင်း ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ(တတိယပိုင်း) အောင်မြင်စွာကျင်းပနိုင်ရေး၊ ရာနှုန်းပြည့်မဲပေးနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက်(၉)နာရီအချိန်က မြို့ပေါ်ရပ်ကွက်(၄)ရပ်ကွက်၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ဟောပြောပွဲတွင် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ လှုပ်ရှားစစ်ဗျူဟာ(၁)ယာယီ စစ်ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး အောင်ကျော်ထွန်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်လွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးလင်းထိုက်နှင့်အဖွဲ့ဝင်များက ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ (တတိယပိုင်း) အောင်မြင်စွာကျင်းပနိုင်ရေး၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအားလုံး မဲပေးပိုင်ခွင့်ဆုံးရှုံးမှု မရှိစေရေး၊ ရာနှုန်းပြည့်မဲပေးနိုင်ရေး အသိပညာပေးဟောပြောပြီး (မြန်မာ၊ ရှမ်း) ဘာသာများဖြင့် ဖော်ပြထားသော ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့သည်။

အဆိုပါ​ အသိပညာပေးဟောပြောပွဲကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများနှင့် ရပ်ကွက်နေမိဘပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

သန်းလူ(ပြန်/ဆက်)