ဂန့်ဂေါ ဇန်နဝါရီ ၂၁
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်း(Book Club)တို့ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် မြစ်သာနဒီစာဖတ်ဝိုင်း၏ ယောသမိုင်း၊ ယောဓလေ့အကြောင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ ဂန့်ဂေါခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်လွင်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးညီညီဇော်က မြစ်သာနဒီစာဖတ်ဝိုင်း၏ ယောသမိုင်း၊ ယောဓလေ့များအကြောင်းဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ မြစ်သာနဒီစာဖတ်ဝိုင်း၏ နာယကဖြစ်သည့် အရှင်ဟိတေသီ(ယောမြေ)က ဂန့်ဂေါမြို့၏ သမိုင်းကြောင်းကိုဆွေးနွေးပြီး စာပေချစ်မြတ်နိုးသူများအသင်း(Book Clup)နာယက ဦးကျော်သန်းဆွေက ယောနယ်၏ သာသနာနှင့်ယဉ်ကျေးမှုများအကြောင်းနှင့် စာပေချစ်မြတ်နိုးသူများအသင်း(Book Club)ဥက္ကဋ္ဌ ဦးအောင်စိုးမင်းက ယောဓလေ့များအကြောင်းကိုဆွေးနွေးပြီး တက်ရောက်လာကြသည့် (Book Club)အဖွဲ့ဝင် စာပေချစ်မြတ်နိုးသူများက ယောသမိုင်းနှင့် ယောဓလေ့များအကြောင်းကို ပါဝင်ဆွေးနွေးခဲ့ကြကာ စာပေချစ်မြတ်နိုးသူများအသင်း(Book Club) ဥက္ကဋ္ဌ ဦးအောင်စိုးမင်း ကဆွေးနွေးပွဲပေါ် ပြန်လည်သုံးသပ်ဆွေးနွေး၍ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့သည်။
အဆိုပါဆွေးနွေးပွဲသို့ ဂန့်ဂေါခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်လွင်နှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ စာပေချစ်မြတ်နိုးသူများအသင်း(Book Club)နာယက၊ ဥက္ကဋ္ဌနှင့် စာပေချစ်မြတ်နိုးသူ(Book Club)အသင်းဝင်များ တက်ရောက်ခဲ့ကြပြီး ဆွေးနွေးပွဲအပြီးတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှခင်းကျင်းပြသထားသည့် သုတ/ရသစာအုပ်စာစောင်များနှင့် အသိပညာပေးနံရံကပ်စာစောင်ပြသမှုများကို ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
မောင်မျိုးမင်း