ကျောက်ပန်းတောင်းမြို့၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ

ကျောက်ပန်းတောင်း ဇန်နဝါရီ ၂၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ထုတ်ဝေသည့် သတင်းစကားလက်ကမ်းစာစောင်များကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဇန်နဝါရီ ၂၁ ရက်နေ့ နံနက် ၁၀ နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတို့တွင် ဖြန့်ဝေခဲ့သည်။

ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မေသက်နွယ်နှင့် ဝန်ထမ်းများသည်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးချုပ်မှ ထုတ်ဝေသည့် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ Grade-9၊ Grade-10နှင့် Grade-11 ကျောင်းသား၊ ကျောင်းသူလေးများအား စောင်ရေ ၁၅၀ နှင့် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ Grade-9၊ Grade-10၊ နှင့် Grade-11 ကျောင်းသား၊ ကျောင်းသူလေးများအား စောင်ရေ ၁၀၀ တို့ကို ဖြန့်ဝေပေးခဲ့ပြီး၊ မြို့နယ်ဦးစီးမှူးက ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းနှင့် လွတ်လပ်ရေး ရရှိရန်အတွက် ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားကိုယ်စားလှယ်များက သမိုင်းဝင်ပြည်ထောင်စု စာချုပ်ကြီး ချုပ်ဆိုနိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့မှုများအား အသိပညာပေး ရှင်းလင်းဟောပြောခဲ့သည်။

နေအောင်(ပြန်/ဆက်)