နောင်ချို ဇန်နဝါရီ ၂၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် စာအုပ် စာစောင်ပြပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ်(၄)အခြေခံပညာ မူလတန်းကျောင်းတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ အမှတ်(၄)အခြေခံပညာမူလတန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ဖြူဖြူခိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းထွေးက ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ၊ တိုင်းရင်းသားလူမျိုးအချင်းချင်း စည်းလုံးညီညွှတ်မှုရရှိအောင် ကြိုးပမ်းဆောင်ရွက်ခဲ့ကြပုံများအားလည်းကောင်း၊ ဒုတိယဦးစီးမှူး ဒေါ်အိအိစိုးက မိတ်ဆွေသုံးဦးခေါင်းစဉ်ဖြင့် ပုံပြောခြင်း အစီအစဉ်အားလည်းကောင်း အသီးသီး ဟောပြောခဲ့ကြသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာ ဗဟုသုတ ရရှိစေရန် ရည်ရွယ်၍ သုတ/ရသ စာအုပ်စာစာစောင်များအား ခင်းကျင်းပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူ များက စိတ်ပါဝင်စားစွာဖြင့် လေ့လာဖတ်ရှုခဲ့ကြကြောင်းနှင့် စာအုပ် စာစောင်များမှ ရရှိသော အသိပညာဗဟု သုတများနှင့် သင်ခန်းစာများအား နှီးနှောဖလှယ်ခဲ့ကြသည်။ မွန်းလွဲပိုင်း၌ အမှတ်(၃) အခြေခံပညာမူလတန်းကျောင်းသို့ ကွင်းဆင်း၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)