မိုင်းရယ်မြို့၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်(အကြို) ပန်းချီပြိုင်ပွဲ ကျင်းပ

မိုင်းရယ် ဇန်နဝါရီ ၂၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကဦးစီး၍ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်(အကြို) ပန်းချီပြိုင်ပွဲကို ယနေ့ နံနက် ၁၀ နာရီ  ပြည်သူ့စာကြည့်တိုက်ခန်းမ၌ ပြုလုပ်ခဲ့သည်။

ထိုသို့ ပြုလုပ်ရာတွင် မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်မာလာက ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းဆိုင်ရာများကို ကျောင်းသား၊‌‌ ကျောင်းသူများအား ဟောပြောခဲ့သည်။

ထို့နောက် အ.ထ.က၊ အ.လ.က၊ မူလွန်(၁)၊ မူလွန်(တပ်တွင်း)ကျောင်းတို့မှ အခြေခံပညာအလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများက နံနက်ပိုင်းတွင် ပန်းချီပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်သူ (၁၅)ဦး၊  နေ့လယ်ပိုင်းတွင် စာစီစာကုံးပြိုင်ပွဲ ယှဉ်ပြိုင်သူ (၁၅)ဦးတို့က တက်ကြွစွာ အသီးသီးယှဉ်ပြိုင်ခဲ့ကြသည်။

ယင်းနောက် ကျောင်းသား/သူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် နံရံကပ်စာစောင်များ၊ စာအုပ်စာစောင်များကို လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)