ပင်လုံ ဇန်နဝါရီ ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ အခြေခံပညာမူလတန်းကျောင်း (ကျုရုံးမြို့မ) ၌ ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျောင်းတွင် ကျင်းပခဲ့သည်။
ဦးစွာ အခမ်းအနားကို ကျောင်းသား/သူများမှ “မြန်မာ့ကျောင်း”တေးသီချင်းဖြင့် သီဆိုဖျော်ဖြေ၍ ဖွင့်လှစ်ပြီးနောက် ဒုတိယမြို့နယ်ပညာရေးရုံးမှူး ဦးစံလှိုင်၊ပညာရေးအရာရှိ အထက (၁) ကျောင်းအုပ်ဆရာမကြီး ဒေါ်ရွှေစင်ဝင်း၊ အမှတ် (၄) ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ကျောင်းအကျိုးတော်ဆောင် ဦးယောနတို့ကအသီးသီးအမှာစကားပြောကြားခဲ့ပြီး ကျူရုံးမြို့မကျောင်းအုပ်ဆရာမကြီးက ကျေးဇူးတင်စကားပြောကြားခဲ့သည်။
၄င်းနောက် ပညာရည်ချွန်ဆုများနှင့် အားကစားပြိုင်ပွဲဆုများကို တာဝန်ရှိသူများက အသီးသီးချီးမြှင့်ပေးခဲ့ပြီးနောက် ကျောင်းသား/ သူများက တေးသရုပ်ဖော်အက၊ အလှများဖြင့် အစီအစဥ်အတိုင်း ဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ ဖိတ်ကြားထားသော ဧည့်သည်များ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများနှင့် မိဘများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)