မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် မကွေးမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား အခမဲ့ဆေးကုသပေးခြင်းနှင့် အခြေခံစားသောက်ကုန်များအား သက်သာ‌သောဈေးနှုန်းဖြင့် ရောင်းချပေးနေမှုအား ကြည့်ရှုအားပေး

မကွေး ဇန်နဝါရီ ၂၁

မကွေးမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား ကျန်းမာရေးစောင့်ရှောက်မှုများကို လက်လှမ်းမီရရှိစေရေးနှင့် စိုက်ထုတ်ကုန်ကျရသော ဆေးကုသမှုစရိတ် လျော့နည်းကျဆင်းစေရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ဆောင်ရွက်မှုဖြင့် ကျန်းမာရေးစောင့်ရှောက်မှုအဖြစ် အခမဲ့ဆေးကုသပေးခြင်းကို ဖွင့်လှစ်ဆောင်ရွက်ထားရှိရာ ယနေ့နံနက် ၉ နာရီက တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါကာ နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား အခမဲ့ဆေးကုသပေးခြင်းနှင့် အခြေခံစားသောက်ကုန်များအား သက်သာ‌သောဈေးနှုန်းနှင့်ရောင်းချပေးနေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများသည် မကွေးမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား တိုင်းပြည်သူ့ဆေးရုံကြီး အထူးကုဆရာဝန်ကြီးများမှ အခမဲ့ဆေးကုသဆောင်ရွက်နေမှုအား လှည်လည်ကြည့်ရှု၍ ဆေးဝါးကုသမှုခံယူနေသူ နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် သက်ဆိုင်ရာဌာနအသီးသီးပေါင်းစပ်ပြီး တိုင်းဒေသကြီးအတွင်း ပြည်သူလူထုအတွက် အကျိုးရှိမည့်လုပ်ငန်းတွေကို စဉ်ဆက်မပြတ် ထောင့်စေ့အောင် ကြိုးစားစီမံပေးလျက်ရှိပြီး မကွေးမြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်း (၄)ထောင်ကျော်ကို အခမဲ့ဆေးဝါးကုသပေးနေမှုအား ကြည့်ရှုအားပေးခဲ့သည်။

မကွေးတိုင်းဒေသကြီးအတွင်း နိုင်ငံ့တာဝန်များကို ကျေပွန်စွာထမ်းဆောင်ခဲ့ကြသည့် (အငြိမ်းစား)များ ဆေးကုသမှုကုန်ကျစရိတ်သက်သာစေရန်နှင့် စနစ်တကျ ဆေးကုသမှုခံယူနိုင်ရန်အတွက် အခမဲ့ဆေးကုသခြင်းအစီစဉ်ကို လစဉ်ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး အခမဲ့ဆေးကုသမှုကို  မျက်စိအထူးကုဆရာဝန်ကြီးများ၊ အထွေထွေရောဂါကုဆရာဝန်ကြီးများမှ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ပေးလျက်ရှိကြောင်း သိရသည်။

ဆက်လက်၍ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့်အတူ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများသည် မကွေးမြို့၊ အ.ထ.က(ခွဲ)ဆားစည့်သို့ရောက်ရှိပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်ဖြင့် KG ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းအစီအစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူလေးများအား အာဟာရတိုက်ကျွေးနေမှုများကို လည့်လည်ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

မောင်ခိုင်မင်း(ပြန်/ဆက်)