ညောင်ရွှေ ဇန်နဝါရီ ၂၁
အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ကျောင်နိုင်ဦးသည် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက် (၉) နာရီက ညောင်ရွှေမြို့နယ်ရှိ ဌာနဆိုင်ရာများ၊ မြိုနယ်/ ရပ်ကွက်/ ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများနှင့် တွေ့ဆုံခြင်းအခမ်းအနားကို ညောင်ရွှေမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ပတ္တမြားခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ကျောင်နိုင်ဦးက အမှာစကားပြောကြားပြီး ကလောခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးမြင့်က ရွေးကောက်ပွဲဆိုင်ရာ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် မြိုနယ်/ ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများက အထွေထွေကိစ္စရပ်များ တင်ပြကြရာ တိုင်းမှူးက တင်ပြချက် များအပေါ် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။
အခမ်းအနားအပြီးတွင် တိုင်းမှူးနှင့် ဧည့်သည်တော်များသည် ကျောင်းဝင်းအတွင်း နန္ဒဝန်ရပ်ကွက် မဲရုံအမှတ်(၁) ခင်းကျင်းဆောင်ရွက်ထားရှိမှု အခြေအနေကို လိုက်လံကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာတာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
စိုင်းအယ်ဘဲ