နတ်မောက် ဇန်နဝါရီ ၂၁
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre) ဘက်စုံခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မူထက်ဆင့်ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ဒုတိယပညာရေးမှူး ဒေါ်သဥ္ဇာခိုင်က ပြိုင်ပွဲ၏ အမှတ်ပေးစည်းကမ်းချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ပြိုင်ပွဲများကို ကျင်းပခဲ့ရာအမှတ် (၁)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း(အောင်ဆန်း)၊ အခြေခံပညာအလယ်တန်းကျောင်း(တမာပင်)၊ အခြေခံပညာမူလတန်းကျောင်း(စျေးရပ်)တို့မှ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲကို ကျောင်းသား/သူစုစုပေါင်း(၁၂)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ အဆိုပါပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား/သူများအား ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့အခမ်းအနားတွင် ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လှဝင်း