လောင်းလုံးမြို့နယ်၌ မဲရုံမှူး၊ ဒုမဲရုံမှူးများအား ‎မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) စက်အသုံးပြုနည်း၊စက်ကိုင်နည်း မွမ်းမံသင်တန်း ဖွင့်လှစ်

‎‌လောင်းလုံး ဇန်နဝါရီ ၂၁

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ၂၀၂၅  ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း(၃)တွင်  တာဝန်ကျသည့် မဲရုံမှူး၊ ဒုမဲရုံမှူးများအား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) စက်အသုံးပြုနည်း၊ စက်ကိုင်နည်းမွမ်းမံသင်တန်းကို ဇန်နဝါရီ ၂၁ ရက် မွန်းလွဲ ၁နာရီက ထားဝယ်မြို့၊ မြို့တော်ခန်းမ (၂)၌  ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ တိုင်းဒေသကြီးတာဝန်ခံ ဦးသန်းထွတ်သိန်းက မွမ်းမံသင်တန်းနှင့် ပတ်သက်၍ လမ်းညွှန်အမှာစကား ပြောကြားသည်။

ဆက်လက်၍ လောင်းလုံးမြို့နယ်အတွင်းရှိ မဲရုံမှူး၊ ဒုမဲရုံမှူးများအသီးသီးကို (MEVM) စက်ကိုင်နည်း၊ အသုံးပြုနည်း မွမ်းမံသင်တန်းများအား တာဝန်ရှိသူများက လက်တွေ့သရုပ်ပြ၊ စမ်းသပ်ဆောင်ရွက်ပေးခဲ့ရာ မဲရုံမှူး၊ ဒုမဲရုံမှူးများနှင့် တာဝန်ရှိသူများတို့က လက်တွေ့လေ့ကျင့်ပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသည့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဆရာ၊ဆရာမများက မဲပေးပုံအဆင့်ဆင့်အားအစမ်း လေ့ကျင့်ကြောင်းသိရသည်။

ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်‌ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြတ်ထိုက်က သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ဖြည့်စွက်ဆွေးနွေးပြီး လိုအပ်သည်များကို မှာကြားခဲ့သည်။

အဆိုပါ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) စက်အသုံးပြုနည်းမွမ်းမံသင်တန်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ တိုင်းဒေသကြီးတာဝန်ခံ ဦးသန်းထွတ်သိန်း၊ ထားဝယ်ခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်အုပ်ချုပ်ရေးမှူး၊ ဦးကောင်းညွန့်၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ရွေးကောက်ပွဲကောင်မရှင်အဖွဲ့ဝင်များ၊ လောင်းလုံးမြို့နယ်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြတ်ထိုက်၊ အဖွဲ့ဝင် ဗိုလ်မှူးအောင်ကျော်စွာဦးနှင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦး‌ဝေလင်းမောင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများတို့က ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သိန်းသိန်း(လောင်းလုံး)