မိုင်းစံမြို့၌ မဲရုံပတ်ဝန်းကျင်၊ စာသင်ကျောင်းနှင့် ဓာတ်ဆီဆိုင်များတွင် မီးဘေးလုံခြုံစေရေး ကွင်းဆင်းဆောင်ရွက်

မိုင်းစံ ဇန်နဝါရီ ၂၂

ရှမ်းပြည်နယ်(တောင်းပိုင်း)မိုင်းရှူးခရိုင်၊ မိုင်းစံမြို့၌ မဲရုံပတ်ဝန်းကျင်၊ စာသင်ကျောင်းနှင့် ဓာတ်ဆီဆိုင်များတွင် မီးဘေးလုံခြုံစေရေးကို ဇန်နဝါရီလ (၂၀) ရက်နေ့မွန်းလွဲပိုင်းအချိန်ကစ၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ မီးဘေးလုံခြုံရေးစစ်ဆေးဆောင်ရွက်ရာတွင် မိုင်းစံမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ခံ ဦးစိုင်းအောင်လှဦးဆောင်၍ ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များက မိုင်းစံမြို့ပေါ်ရပ်ကွက်အတွင်းရှိ မဲရုံပတ်ဝန်းကျင်၊ စာသင်ကျောင်း၊ ဓာတ်ဆီဆိုင်များတွင် မီးဘေးအန္တရာယ်မဖြစ်စေရေးအတွက် ဂရုစိုက်အသုံးပြုရေး၊ မီးသတ်ဆေးဘူးများထားရှိရန်၊ လျှပ်စစ်မီးများ စနစ်တကျအသုံးပြုရေးများအား စစ်ဆေးခဲ့ပြီး မီးဘေးလုံခြုံရေးအကြံပြုချက်များကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

အိဇာချို(မိုင်းစံ၊ပြန်/ဆက်)