ပုသိမ်ကြီးမြို့နယ်အတွင်းရှိ တပ်မဲရုံများနှင့် ကျေးရွာမဲရုံများအား တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပုသိမ်ကြီး ဇန်နဝါရီ ၂၂

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၃) အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဇန်နဝါရီ ၂၁ ရက်  နံနက် ၁၀ နာရီက စတင်ကာ မြို့နယ်၏ မြောက်ပိုင်းရှိ ကျေးရွာအုပ်စုများသို့ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဆွေနှင့်အတူ တာဝန်ရှိသူများ လိုက်ပါလျက် တပ်မတော်မဲရုံများနှင့် ကျေးရွာအုပ်စု မဲရုံများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးရာသို့ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဆွေ၊ အဖွဲ့ဝင် ခရိုင်လဝက ဦးစီးမှူး ဦးမောင်မောင်အေး၊ မြို့နယ်စီမံခန့်ခွဲ့ရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးနေလင်းထွန်း၊ အဖွဲ့ဝင်ဗိုလ်မှူးဝေယံမင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြည်ခိုင်ကျော်၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်ရုံး ဒုတိယဦးစီးမှူး ဦးဇင်ကိုလင်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစည်သူတို့သည် ကောင်းမွန်ကျေးရွာအုပ်စု၊ အမက (၂၉) မဲရုံ၊ ဒဟတ္တောကျေးရွာအုပ်စု၊ အထက (ခွဲ)ရှိ မဲရုံများ၊ တပ်မတော်မဲရုံများဖြစ်သည့် အမှတ် (၅) လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာတပ်ရင်း မဲရုံ၊ အမှတ် (၂) တပ်သားစုဆောင်းရေးတပ် မဲရုံ၊ အမှတ် (၁) စစ်အကျဥ်းထောင် မဲရုံ၊ ကြာနီကန်ကျေးရွာ အမက (၃၁) မဲရုံ၊ အလက ပုသိမ်လေး မဲရုံ၊ အမက (၉၂) ပဲလှော်ဖိုကျေးရွာ မဲရုံနှင့် အထကခွဲ (၇၅) နန္ဒာတောင်ကျေးရွာ မဲရုံများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဇာနည်ကိုကို (ပြန်/ဆက်)