သရက်ချောင်းမြို့နယ် (Community Centre) ခန်းမ၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများကျင်းပ

သရက်ချောင်း ဇန်နဝါရီ ၂၂

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲက (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းခလိုက်ရှုက ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ အဆိုပါအသိပညာပေးဟောပြောပွဲနှင့် ပြပွဲများကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီးနောက် အသိပညာပေးဟောပြောရာတွင် ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ တိုင်းရင်းသားလူမျိုးစုများအကြောင်း၊ နေ့ထူးနေ့မြတ်များအကြောင်းကို ကျောင်းသား၊ ကျောင်းသူများ သိရှိနားလာစေရန် အကျယ်တဝင့် အသိပညာပေးဟောပြောခဲ့ပြီး‌နောက် ကျောင်းသား၊ ကျောင်းသူများနှင့် အပြန်အလှန်ရှင်းလင်းဆွေးနွေးကာ အခမ်းအနားရုတ်သိမ်းလိုက်သည်။

ထို့နောက် သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာဖတ်ခြင်းအလေ့ထများရရှိစေရန်နှင့် အသိပညာ ဗဟုသုတများတိုးပွားလာစေရန်ရည်ရွယ်၍ ဉာဏ်စမ်းပြိုင်ပွဲများ ဆောင်ရွက်ပေးခြင်းနှင့် အသစ်ရောက်ရှိလာသော စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များအား ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးပိုင်(ပြန်/ဆက်)