သရက်ချောင်း ဇန်နဝါရီ ၂၂
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် ဆင်ဖြူပြင်ရပ်ကွက်ရှိ ဆင်ဖြူပြင်ဆိပ်ခံတံတားနှင့်တွဲလျက်ထားရှိသော သင်္ဘောဆိုက်ကပ်ဘောသည်နှစ်ကာလကြာမြင့်လာသဖြင့် ယနေ့နံနက် ၉ နာရီ ၁၅ မိနစ်ကရေဝင်နစ်မြုပ်သွားခဲ့ကြောင်းသိရသည်။
အဆိုပါသင်္ဘောဆိုက်ကပ်ဘောသည် အလျား ၃၀ ပေ၊ အနံ ၂၀ ပေ၊ အမြင့် ၆ ပေရှိကြောင်း၊ ဘောနှင့်တွဲလျက်ဆိပ်ခံတံတားသည် အလျား ၈၀ ပေ၊ အနံ ၁၃ ပေရှိ သံဘောင်၊ သစ်သားကြမ်းခင်းဖြစ်ပြီး ဘောတံတားအား ၁၉၇၄ ခုနှစ်တွင်စတင်တည်ဆောက်ခဲ့ပြီး နှစ်ကာလကြာရှည်ခြင်း သဘာဝဘေးဒဏ်ခံရခြင်း၊ ပင်လယ်ရေငန်နှင့် နှစ်ကာလကြာရှည် ထိတွေ့မှုရှိခြင်း၊ သံချေးတက် ဆွေးမြေ့ခြင်းတို့ကြောင့်ရေဝင်နစ်မြုပ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
နန်းခလိုက်(သရက်ချောင်း)