မြင်းခြံ ဇန်နဝါရီ ၂၂
မြင်းခြံမြို့၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) ကျင်းပပြုလုပ်မည့် မဲရုံများနှင့် မဲရုံပတ်ဝန်းကျင်အနီး နေအိမ်များ မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်ခြင်းကို ယနေ့ နံနက်ပိုင်းအချိန်မှစတင်၍ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်ကိုသန့် ဦးဆောင်၍ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက မြင်းခြံမြို့ပေါ် ရပ်ကွက်အတွင်းရှိ မဲရုံများနှင့် မဲရုံပတ်ဝန်းကျင်အနီး နေအိမ်များတွင် မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေးအတွက် ဂရုစိုက် အသုံးပြုရေး၊ မီးသတ်ဆေးဘူးများ အသုံးပြု ရ/မရ၊ မီးသတ် ဆေးဘူးများထားရှိရန်၊ လျှပ်စစ်မီးများ စနစ်တကျအသုံးပြုရေးများအား စစ်ဆေးခဲ့ပြီး မီးဘေးလုံခြုံရေး အကြုံပြုချက်များကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
ချစ်ဦးနွေ(မြင်းခြံ)