ကျွန်းစုမြို့တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

ကျွန်းစု ဇန်နဝါရီ ၂၂

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ​ကျောင်းသား၊ ကျောင်းသူ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်၍ အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်ပြီး ဘက်စုံထူးချွန်သော လူငယ်လူရွယ်များ ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ဇန်နဝါရီ ၂၁ ရက် မွန်းလွဲ ၂ နာရီက ကျွန်းစုမြို့၊ ကမ်းကြီးကျေးရွာအုပ်စုရှိ အ-ထ-က ခွဲ ကဘင်းချောင်းကျောင်း၌ ကျင်းပသည်။

ဟောပြောပွဲတွင် ကျောင်းအုပ်ကြီး ဒေါ်မြင့်စန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးသန္တာဖြိုးက စာဖတ်ရှိန်မြှင့်တင်ရေး အကြောင်းကိုလည်းကောင်း၊ မြို့နယ်အားကစားမှူး ဒေါ်ပပထွန်းက အားကစား ကဏ္ဍမြှင့်တင်ရေးနှင့် အားကစားသိပ္ပံ တက်ရောက်သင်ကြားနိုင်ရန်တို့ကိုလည်းကောင်း အသိပညာပေးပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက ကလေးများ၏ အခွင့်အရေးများအကြောင်း အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပြီး အသိပညာပေး နံရံကပ်ဗွီနိုင်းများ ခင်းကျင်းပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာ မှတ်သားခဲ့ကြကြောင်း သိရသည်။

 ထက်မြင့်(ကျွန်းစု)