ကွန်ဟိန်းမြို့ (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းဆောင်ရွက်

ကွန်ဟိန်း ဇန်နဝါရီ ၂၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့၊ (Community Centre) ခန်းမ၌  စာပေဝါသနာရှင်များနှင့်ပူးပေါင်း၍ ဂျွန်(မြန်မာပြန်) ရေးသားထားသည့် အချိန်စီမံခန့်ခွဲခြင်းဖြင့် အောင်မြင်မှု ရယူခြင်းစာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးခွန်ရဲထွေးက စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး အချိန်အားစီမံခန့်ခွဲခြင်းနှင့် သင့်ဘဝခေါင်းစဉ်ဖြင့် စတင်ဆွေးနွေးခဲ့ကြောင်း သိရသည်။ 

ထိုနောက် စာပေဝါသနာရှင် ဒေါ်အိန္ဒြာကျော်ဆင့်က ဦးစားပေးဆောင်ရွက်ရမည့်ကိစ္စများအား အချိန်ခွဲဝေသတ်မှတ်ပြီး လုပ်ကိုင်ပါခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာပေဝါသနာရှင် မမေသက်ထားဦးက အချိန်အား ထိရောက်စွာ စီမံခန့်ခွဲခြင်း၏ အကျိုးကျေးဇူးခေါင်းစဉ်ဖြင့် လည်းကောင်းအပြန်အလှန် ဆွေးနွေးခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းအား စာဖတ်သူတိုးပွားလာစေရန်၊ အားလပ်ချိန်ကို အကျိုးရှိစွာအသုံးချနိုင်စေရန်၊ ဗဟုသုတများ ဖလှယ်သည့် အလေ့အထများ တိုးပွားလာစေရန်ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)