အလုံမြို့နယ်တွင် ကိုယ်၀န်ဆောင်မိခင်များနှင့် မွေးကင်းစမှ အသက် (၁) နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းများ ဆောင်ရွက်

အလုံ ဇန်နဝါရီ ၂၂

ရန်ကုန်တိုင်း‌ဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်အတွင်းရှိ ကိုယ်၀န်ဆောင်မိခင်များနှင့် မွေးကင်းစမှ အသက် (၁) နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက် (၉) နာရီအချိန်က အလုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ထိုးနှံတိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဒေါ်သဇင်ခိုင်၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများမှ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံးတွင် လစဥ်ဆောင်ရွက်လျက်ရှိသော Fixed session ဖွင့်လှစ်၍ ဆောင်ရွက်ခဲ့ရာကလေးများအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ကိုယ်အလေးချိန်ပေးခြင်း၊ မိဘများအား ကျန်းမာရေးအသိပညာပေးခြင်း၊ အဏုအာဟာရမှုန့်များထောက်ပံပေးခြင်းနှင့် ကလေး (၄၄) ဦးအား ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရွှေလုံသား (ပြန်/ဆက်)