ကျောက်တန်း ဇန်န၀ါရီ ၂၂
သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ် အ.မ.က ညောင်၀ိုင်းကျောင်းတွင် သဘာ၀ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ (၁) နာရီအချိန်က အဆိုပါကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသန့်ဇင်ထွန်းက ဟောပြောပွဲဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်နှင့် သဘာ၀ဘေးအန္တရာယ်နှင့်ပတ်သက်ပြီး ကြိုတင်ကာကွယ်နိုင်ရန်အချက်များ၊ လိုက်နာရမည့်အချက်များကို အသိပညာတိုးပွားစေရန် ဟောပြောခဲ့သည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ နံရံကပ်ပြဘုတ်များ၊ လူငယ်ရေးရာဆိုင်ရာ နံရံကပ်ပြဘုတ်များ ပြသပြီး ကျောင်းသား၊ ကျောင်းသူများ စာပေကို ပိုမိုမြတ်နိူးတတ်စေရန် စာအုပ်ပြပွဲများ ပြသခဲ့ရာ ဆရာ၊ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများက ဗဟုသုတရရှိစေရန် ကြည့်ရှုလေ့လာခဲ့ကြပြီး ကဗျာရွတ်ဆိုပြိုင်ပွဲများလည်း ပြုလုပ်ခဲ့ကြသည်။
နေလင်းကျော် (ပြန်/ဆက်)